Wednesday, August 15, 2007

မိဘဟူသည်

တက်ကသိုလ် သျှင်သီရိ ရေးသားထားတဲ့ သမီးသားတို့အတွက် မိဘမတ်တာ စာအုပ်မှ

မိဘဟူသည် အခန်းကို တင်ပြချင်ပါတယ်။ သားသမီးတိုင်း သိသင့်တယ် ထင်လို့ပါ။ ဒါဆို ဖတ်လည်းဖတ်၊

မှတ်လည်းမှတ် ကြစို့နော်.....

အနန်တဂိုဏ်းဝင် ကျေးဇူးရှင်မိဘ

ဗုဒ်ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မိမိတို့ဘ၀မှာ အလေးအမြတ်ထားအပ်သော

ပုဂ်ဂိုလ်ငါးပါးကို အနန်တော အနန်တငါးပါးဟု ဆိုစမှတ်ပြုကြသည်။

ထိုပုဂ်ဂိုလ်ငါးယောက်သည် အဆုံးအပိုင်းအခြားမရှိအောင် မည်မျှရှိသည်ဟု

ရေတွက်မရလောက်အောင် ကျေးဇူးတရားကြီးမားကြသူများဟု ဆိုကြပါသည်။

ယင်းငါးပါးမှာ-

ဘုရား

တရား

သံဃာ

မိဘ

ဆရာသမားတို့ ဖြစ်ကြပါသည်။

ယင်းငါးပါးတွင် မိဘသည် တစ်ပါးအပါအ၀င်ဖြစ်သောကြောင့် မိဘဟူသည်

အနန်တော အနန်တဂိုဏ်းဝင်တစ်ဦးဖြစ်သည်။ ဘုရားနှင့် တစ်ဂိုဏ်းတည်း အပြခံရသော

ကျေးဇူးကြီးလှသော ပုဂ်ဂိုလ်များဟု ဆိုကြပါသည်။ ထို့ကြောင့် အနန်တဂိုဏ်းဝင် ကျေးဇူးရှင်မိဘဟု

လောကတွင် ခေါ်စမှတ်ပြုကြပါသည်။

No comments: