Wednesday, August 15, 2007

မိဘဟူသည်

တက်ကသိုလ် သျှင်သီရိ ရေးသားထားတဲ့ သမီးသားတို့အတွက် မိဘမတ်တာ စာအုပ်မှ

မိဘဟူသည် အခန်းကို တင်ပြချင်ပါတယ်။ သားသမီးတိုင်း သိသင့်တယ် ထင်လို့ပါ။ ဒါဆို ဖတ်လည်းဖတ်၊

မှတ်လည်းမှတ် ကြစို့နော်.....

အနန်တဂိုဏ်းဝင် ကျေးဇူးရှင်မိဘ

ဗုဒ်ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မိမိတို့ဘ၀မှာ အလေးအမြတ်ထားအပ်သော

ပုဂ်ဂိုလ်ငါးပါးကို အနန်တော အနန်တငါးပါးဟု ဆိုစမှတ်ပြုကြသည်။

ထိုပုဂ်ဂိုလ်ငါးယောက်သည် အဆုံးအပိုင်းအခြားမရှိအောင် မည်မျှရှိသည်ဟု

ရေတွက်မရလောက်အောင် ကျေးဇူးတရားကြီးမားကြသူများဟု ဆိုကြပါသည်။

ယင်းငါးပါးမှာ-

ဘုရား

တရား

သံဃာ

မိဘ

ဆရာသမားတို့ ဖြစ်ကြပါသည်။

ယင်းငါးပါးတွင် မိဘသည် တစ်ပါးအပါအ၀င်ဖြစ်သောကြောင့် မိဘဟူသည်

အနန်တော အနန်တဂိုဏ်းဝင်တစ်ဦးဖြစ်သည်။ ဘုရားနှင့် တစ်ဂိုဏ်းတည်း အပြခံရသော

ကျေးဇူးကြီးလှသော ပုဂ်ဂိုလ်များဟု ဆိုကြပါသည်။ ထို့ကြောင့် အနန်တဂိုဏ်းဝင် ကျေးဇူးရှင်မိဘဟု

လောကတွင် ခေါ်စမှတ်ပြုကြပါသည်။

အားလုံး မင်္ဂလာပါ.....

ို

ကျွန်တော်က အခုမှ Blog စရေးဖူးတာပါ။ Blog ကို စလုံးစရေးတာကြောင့် ကျွန်တော့ blog ကို

ဝေဖန်သုံးသပ်ပေးစေချင်ပါတယ်။ အကောင်း၊ အဆိုး ဘယ်လိုပဲ ဝေဖန်နေပါစေ

ကျွန်တော်စိတ်မဆိုးတတ်ပါဘူး။ `လူတစ်ယောက်ကို တိုးတက်စေချင်ရင် များများပြော၊

များများဝေဖန်ပေးရမယ်` လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲ့ဒီလူက မခံချင်စိတ်နဲ့ ကြိုးစားအားထုတ်ဖို့

လိုသေးတယ်။ အဲ့ဒီမှာ မခံချင်စိတ်ဖြစ်ပေါ်ပြီး ကြိုးစားရမဲ့အစား စိတ်ကူးလွဲသွားပြီဆိုရင်တော့ အဲ့ဒီလူ

မတိုးတက်နိုင်တော့ဘူး။ ဒါကြောင့် လူတစ်ယောက်ကို တိုးတက်ကောင်းမွန်စေချင်ရင် များများဝေဖန်၊

များများဆုံးမပေးပါလို့ ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်က ဘယ်သူကိုမဆို ခင်တတ်ပါတယ်။

ကျွန်တော့ရဲ့ blog ကို လာလည်ပေးတဲ့အတွက် ၀မ်းသာမိပါတယ်။ လာလည်ပေးတဲ့ Blogger

များကိုလည်း ကျေးဇူးတင်ပါတယ်။ မိတ်ဆွေများအားလုံး စိတ်ရွှင်လန်းချမ်းမြေ့ပါစေလို့ ပြောကြားရင်း......

Tuesday, August 14, 2007

ဖေဖေရဲ့ ဆုံးမစကားအချို့

ဒီနေ့မှာ ကျွန်တော့ဖေဖေ ဆုံးမခဲ့သော စကားအချို့ကို ပြောပြချင်ပါတယ်။

သိပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်။ မသိသေးတဲ့သူတွေကိုလည်း သိစေချင်လို့ပါ။ ပြောပြမယ်နော်........

-No pain, no gain.

အနာမခံရင် အသာမစံရ။

-Learn not, and know not.

သင်ကြားမှု မရှိရင် အသိတရား မရှိဘူး။

-Wise man dose not reveal anger.

ပညာရှိ အမျက်မထွက်။

-Silence is gold.

တိတ်တိတ်နေခြင်းဟာ ရွှေလိုပဲ(အဖိုးတန်တယ်)။

-The lazy man is the bagger's brother.

ပျင်းရိသူသည် သူတောင်းစားရဲ့အစ်ကို ဖြစ်သတဲ့။

-The best woman are those of which one speaks the least.

အကောင်းဆုံး မိန်းမဆိုတာ စကားအနည်းဆုံး ပြောတတ်သူပါပဲ။

-All truth is not always to be told.

မှန်တိုင်းလည်း မပြောနဲ့။

-Delays are dangerous.

နှေးကွေးခြင်းဟာ ဘေးတွေ့ရတတ်သတဲ့။

-လူဆိုတာ သေမှ ကြိုးစားမှုကို ရပ်ရတယ်။ မသေမချင်း ကြိုးစားနေရမယ်။

-လူဆိုတာ အဆက်မပြတ်ကြိုးစားနေမှ တိုးတက်တယ်။

-စေတနာထား စကားများ အမှားပါတတ်သည်။

-လိုချင်တဲ့ လောဘကို အတောမသတ်ရင် သောက ရောက်ရတတ်တယ်။